နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာရှိ ပြည်သူများအား ကျန်းမားရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်အတွင်းရှိ သုခတော်ဝင်အိမ်ရာ တိုက်ခန်းများသာယာရေးအဖွဲ့ရုံး၌ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သုခတော်ဝင်အိမ်ရာရှိ ပြည်သူများအား ကျန်းမားရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွား ရောက် ကြည့်ရှုအားပေးသည်။ ထို့နောက် ပြည်သူများအား ကွင်းဆင်း၍ အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်းကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုးနှင့် တာဝန်ရှိသူများက ပြည်သူများအား ကွင်းဆင်း၍ အခမဲ့ဆေး ကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို လိုက်လံရှင်းလင်းပြသရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်စကားပြောကြားသည်။ ယင်းနောက် သုခတော်ဝင်အိမ်ရာ တိုက်ခန်းများသာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဌေးမြင့်နှင့် အဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်တို့က သုခတော်ဝင်အိမ်ရာ၌ ပြည်သူများ နေထိုင်နေမှုများ၊ စည်ပင်သာယာရေးလုပ်ငန်းများနှင့် သောက်သုံးရေဖြန့်ဝေပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး က မြို့တော်အင်္ဂါရပ်နှင့်အညီ စိ‌မ်းလန်းစိုပြည်စေရေး၊ သန့်ရှင်းသာယာလှပစေရေး၊ အိမ်ရာအတွင်း အမှိုက်ကင်းစင်ရေး၊ ပလတ်စတစ်ကင်းစင်သည့် ဧရိယာဖြစ်စေရေးအတွက် ပလတ်စတစ်အစားထိုးပစ္စည်းများ အသုံးပြုနိုင်ရေးတို့ကို ဆောင်ရွက်ကြစေလိုကြောင်းနှင့် လိုအပ်သည်များကို မှာကြားသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်စည်ပင် သာယာရေးကော်မတီ၊ (ရေနှင့်သန့်ရှင်းမှု) အင်ဂျင်နီယာဌာန အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအိမ်ရာရေပေးရေးဝန်းသို့ရောက်ရှိရာ တာဝန်ရှိသူများက အိမ်ရာအတွင်း ရေပေးဝေနေမှု အခြေအနေများ၊ ရေစစ်ကန် လက်ရှိဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အိမ်ရာအတွင်း ပြည်သူများ ရေသုံးစွဲမှု အခက်အခဲမရှိစေရေးကို အလေးထားဆောင်ရွက်စေလိုကြောင်းမှာကြားသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် သုခသိဒ္ဓိရပ်ကွက်၊ သုခတော်ဝင်အိမ်ရာစီမံကိန်းအပိုင်း(၂) တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစေ‌ရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးနှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။ ထွန်းထွန်းဝင်း(ပြန်/ဆက်)

Latest News

February 13, 2025
AI တွေကို လူလို ခိုင်းနိုင်တဲ့အဆင့်က အတော်ခရီးရောက်နေပြီလို့ ပြောလို့ရတယ်။ အခု OpenAI က ထုတ်တဲ့ AI agent ဆို ကိုယ့်အတွင်းရေးမှူးတစ်ယောက်လို လုပ်စရာတွေ သူ့ဘာသာ တန်းစီလုပ်သွားနိုင်ပါတယ်။
February 13, 2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်ရေးလုပ်ငန်းများ မရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
February 13, 2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာရှိ ပြည်သူများအား ကျန်းမားရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး
February 13, 2025
ကုန်ကျစရိတ်ဘက်က ယှဉ်မလား ၊ computing ဘက်က ကြည့်မလား OpenAI ကို စိန်ခေါ်နိုင်မယ့် တရုတ် AI ထွက်လာပါတယ်။

Categories