AI တွေကို လူလို ခိုင်းနိုင်တဲ့အဆင့်က အတော်ခရီးရောက်နေပြီလို့ ပြောလို့ရတယ်။ အခု OpenAI က ထုတ်တဲ့ AI agent ဆို ကိုယ့်အတွင်းရေးမှူးတစ်ယောက်လို လုပ်စရာတွေ သူ့ဘာသာ တန်းစီလုပ်သွားနိုင်ပါတယ်။

AI တွေကို လူလို ခိုင်းနိုင်တဲ့အဆင့်က အတော်ခရီးရောက်နေပြီလို့ ပြောလို့ရတယ်။ အခု OpenAI က ထုတ်တဲ့ AI agent ဆို ကိုယ့်အတွင်းရေးမှူးတစ်ယောက်လို လုပ်စရာတွေ သူ့ဘာသာ တန်းစီလုပ်သွားနိုင်ပါတယ်။ ဒါကို Operator လို့ နာမည်ပေးထားပါတယ်။ ဒီ agent က သူ့သီးသန့် browser ကိုသုံးပြီး ခရီးသွားဖို့ စီစဉ်တာကနေ အွန်လိုင်းအော်ဒါမှာတာတွေအထိ အလိုအလျောက် လုပ်ပေးနိုင်မှာပါ။ ဒီလို လုပ်နိုင်အောင်လည်း web pag ပေါ်က ခလုတ်တွေ ၊ menus နဲ့ text fields တွေ ဝင်ဖြည့်တာ/နှိပ်တာတွေနဲ့ train ထားတာပါ။ စက်ရုပ်ဟုတ်မဟုတ် CAPTCHA စစ်တာမျိုး ၊ ပိုက်ဆံချေတာနဲ့ password ဖြည့်တာမျိုးမှ users ကို ဝင်ဖြည့်ဖို့ AI က လာပြမှာပါ။ ကိုယ်ခိုင်းထားတဲ့အလုပ် လုပ်ပြီးသွားရင်လည်း ကိုယ့်ကို နောက်ထပ် ဘာလုပ်စရာရှိသေးလဲဆိုပြီး follow-up တွေ မေးနိုင်စွမ်း ရှိပါတယ်။ ကွန်ပျူတာအသုံးပြု agent (CUA) သုံး Operator က OpeanAI ရဲ့ ပထမဆုံး Agents တွေထဲက တစ်ခုဖြစ်ပြီး GPT -4o ရဲ့ အဆင့်မြင့် ဆင်ခြင်သုံးသပ်နိုင်စွမ်းနဲ့ ဝက်ဘ်ဆိုက်တွေဆီ သွားနိုင်မှုတွေ ပေါင်းစပ်ထားတာပါ။ ကိုယ်ခိုင်းချင်တဲ့ ပုံစံအတိုင်းလည်း customize လုပ်ထားလို့ ရမှာပါ။ လောလောဆယ်အထိတော့ Operator agent ကို အမေရိကန်က ChatGPT Pro သမားတွေပဲ အစမ်းပေးသုံးသွားမှာ ဖြစ်ပြီး နောက်ပိုင်းတော့ Plus ၊ Team နဲ့ Enterprise users တွေအထိ တိုးချဲ့ဖြန့်ချိပေးမယ်လို့ ဆိုပါတယ်။

Latest News

February 13, 2025
AI တွေကို လူလို ခိုင်းနိုင်တဲ့အဆင့်က အတော်ခရီးရောက်နေပြီလို့ ပြောလို့ရတယ်။ အခု OpenAI က ထုတ်တဲ့ AI agent ဆို ကိုယ့်အတွင်းရေးမှူးတစ်ယောက်လို လုပ်စရာတွေ သူ့ဘာသာ တန်းစီလုပ်သွားနိုင်ပါတယ်။
February 13, 2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်ရေးလုပ်ငန်းများ မရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
February 13, 2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာရှိ ပြည်သူများအား ကျန်းမားရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး
February 13, 2025
ကုန်ကျစရိတ်ဘက်က ယှဉ်မလား ၊ computing ဘက်က ကြည့်မလား OpenAI ကို စိန်ခေါ်နိုင်မယ့် တရုတ် AI ထွက်လာပါတယ်။

Categories