နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်ရေးလုပ်ငန်းများ မရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်ရေးလုပ်ငန်းများမရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၄/၂၀၂၄)ကို ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။ ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး က အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့အနေဖြင့် တရားမဝင်ကုန်သွယ်ရေးလုပ်ငန်းများမရှိစေရေးအတွက် အထူးအလေးထားကြပ်မတ် ဆောင်ရွက်ရေး၊ နေပြည်တော်အနေဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး၊ အခွန်ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို အခွန်ကောက်လုပ်ထုံးလုပ်နည်းများ အပါအဝင် အခွန် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ တရားမဝင်ကုန်စည်များ၏ အန္တရာယ်နှင့် တရားမဝင် ကုန်သွယ်မှု၏ နိုင်ငံအပေါ် ထိခိုက်မှုများကို ပြည်သူများ သိရှိနားလည်အောင် အသိပညာပေးရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဈေးကွက်တွင် မျှတစွာယှဉ်ပြိုင် ရပ်တည်နိုင်ရန်နှင့် စားသုံးသူများ အကာအကွယ်ပေးနိုင်ရန်အတွက် တရားမဝင်ကုန်သွယ်မှုများ တားဆီး ထုတ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ မိမိတို့အနေဖြင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ကြိုတင်ကာကွယ်တားဆီးရေးနှင့် အသိပညာပေးရေး စသည့်လုပ်ငန်းစဉ်များကို စနစ်တကျဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ တရားမဝင်ကုန်ပစ္စည်းများကို စဉ်ဆက်မပြတ် စစ်ဆေးဖော်ထုတ်ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး အလေးထားကြပ်မတ်ဆောင်ရွက်စေလိုကြောင်း၊ နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်မှုမရှိစေရေး၊ တာဝန်ကျဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းကမ်း၊ ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တရားမဝင်လုပ်ငန်းများကို တားဆီးကာကွယ်ဆောင်ရွက်နေသည့်အပြင် တရားဝင်လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြီး အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်ရေး လုပ်ငန်းများမရှိစေရေးအတွက် ဆောင်ရွက်နေမှု အခြအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍများ အလိုက် အသီးသီးရှင်းလင်းတင်ပြကြသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ ထွန်းထွန်းဝင်း (ပြန်/ဆက်)

Latest News

February 13, 2025
AI တွေကို လူလို ခိုင်းနိုင်တဲ့အဆင့်က အတော်ခရီးရောက်နေပြီလို့ ပြောလို့ရတယ်။ အခု OpenAI က ထုတ်တဲ့ AI agent ဆို ကိုယ့်အတွင်းရေးမှူးတစ်ယောက်လို လုပ်စရာတွေ သူ့ဘာသာ တန်းစီလုပ်သွားနိုင်ပါတယ်။
February 13, 2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်ရေးလုပ်ငန်းများ မရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
February 13, 2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာရှိ ပြည်သူများအား ကျန်းမားရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး
February 13, 2025
ကုန်ကျစရိတ်ဘက်က ယှဉ်မလား ၊ computing ဘက်က ကြည့်မလား OpenAI ကို စိန်ခေါ်နိုင်မယ့် တရုတ် AI ထွက်လာပါတယ်။

Categories