ကုန်ကျစရိတ်ဘက်က ယှဉ်မလား ၊ computing ဘက်က ကြည့်မလား OpenAI ကို စိန်ခေါ်နိုင်မယ့် တရုတ် AI ထွက်လာပါတယ်။
၂၀၂၃ ကမှ ထောင်ထားတဲ့ တရုတ် DeepSeek ထုတ် chatbot က ဒီတစ်ပတ် အမေရိကန် App Store ဇယားမှာ ထိပ်ဆုံးက ရောက်လာပါတယ်။ ဒေါင်းလုပ်ဆွဲမှုအများဆုံး AI app နေရာက OpenAI ထုတ် ChatGPT app ကို ကျော်တက်သွားခဲ့တာပါ။ DeepSeek တော့ မွှေနေပြီလို့ ပြောနေကြပါတယ်။ လက်ရှိတော့ DeepSeek app down နေပြီး ဆိုက်ဘာတိုက်ခိုက်မှု ထိထားတယ်လို့ ကြားရပါတယ်။ DeepSeek က တော်တော်ထူးခြားပါတယ်။ open-source models နဲ့ မောင်းထားတဲ့ AI chatbot ဖြစ်ပြီး AI train ဖို့ စရိတ်လည်း တော်တော်သက်သာပါတယ်။ DeepSeek AI လေ့ကျင့်ဖို့ chips အများကြီး မလိုလို့ပါ။ ဒီသတင်းက Nvidia ကို သွားဒုက္ခပေးပါတယ်။ အခုလောလောဆယ် Nvidia ရှယ်ယာဈေးက ၁၂ % ကျော် ကျဆင်းနေလို့ပါ။ တကယ်က Nvidia အပြင် Microsoft , Meta နဲ့ တခြား အမေရိကန် AI လုပ်ငန်းတွေပါ ရှယ်ယာဈေး ထိသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က R1 reasoning model သစ်ကို ဖြန့်ချိလိုက်ပြီးနောက်မှာ DeepSeek chatbot app က အကြီးအကျယ် ပေါက်သွားတာပါ။ reasoning model ဆိုတာက ရှုပ်ထွေးတဲ့ပြဿနာတွေကို ဖြေရှင်းဖို့ ဒီဇိုင်းထုတ်ထားတဲ့ AI မျိုးပါ။ ဈေးသက်သာပေမယ့် AI တွေရဲ့ စွမ်းရည်ကို တိုင်းတာတဲ့ တချို့ Benchmarks တွေမှာ R1 model က OpenAI ရဲ့ o1 နဲ့ ပခုံးချင်းယှဉ်နိုင်တာ တွေ့ရပါတယ်။
Latest News
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်ရေးလုပ်ငန်းများ မရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာရှိ ပြည်သူများအား ကျန်းမားရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး
ကုန်ကျစရိတ်ဘက်က ယှဉ်မလား ၊ computing ဘက်က ကြည့်မလား OpenAI ကို စိန်ခေါ်နိုင်မယ့် တရုတ် AI ထွက်လာပါတယ်။
Categories
-
သတင်းများ(2)
-
ရွေးကောက်ပွဲ(0)
-
နည်းပညာသတင်း(2)
-
ကျန်းမာရေး(0)
-
-
-
ဆောင်းပါး(1)